မက္ကရ်ဆံကရာ(န်)သီးပွဲတော်သည် ဆောင်းရာသီ ကုန်ဆုံးပြီး နေ့တာရှည်လာတော့မည့် မင်္ဂလာရှိသော နွေရာသီကို အစချီတော့မည့်အချိန်နှင့်ကျွန်ုပ်တို့၏ကျေးဇူးရှင်လယ်သမားကြီးများ၏မွန်မြတ်လှသော ကောက်သစ်စကိုကြိုဆိုသောနေ့ထူးနေ့မြတ်ဖြစ်ပေသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင်ဤပွဲတော်ကို ပွန်ဂ(လ်) ပွဲတော်အဖြစ်ကျင်းပကြပြီးဆန်ကိုနွားနို့နဲ့ချက်ပြုတ်ပြီး ဆူရ်ယ ဘုရားရှင်(နေမင်း) အား ဆပ်ကပ်ပူဇော်လေ့ရှိကြသည်။
 မိမိတို့၏ ဘ၀နှင့်တကွ လောကတွင်အမှောင်ထုကိုခွင်းပြီး နေမင်း၏တောက်ပသော အလင်းရောင်က လမ်းညွှန်မှုပေးနေသည်ဆိုတာကို အောက်မေ့သတိရစေသည်။
ဒုတိယနေ့၏အစအား ဆူရ်ယ ပွန်ဂလ် ၊ အဓိပ္ပာယ်မှာ ဆူရ်ယ နေမင်းအား ပူဇော်လေ့ရှိကြပြီးမင်္ဂလာရှိသောနှစ်သစ်အားကြိုဆိုကြသည် ။
တတိယမြောက်နေ့တွင် မတ္တူ ပွန်ဂလ် ဆိုသည့်အထိမ်းအမှတ်အဖြစ် လယ်ယာဆိုင်ရာဟအသုံးပြုလျက်ဖြစ်သော ကျွဲ၊ နွားများအား လှလှပပ ဆင်ယင်ပေးကြပြီး ရိုသေ ဂါရဝပြုကြပါသည်။
ဂူဂျရာတ် နှင့်မဟာရာ(သျှ်)တြပြည်နယ်တို့တွင်မူ ရောင်စုံချယ်ထားသောစွန်များဖြင့်ကောင်းကင်သို့လွှတ်တင်ကြသည်။ ထိုနည်းတူ ပန်ဂျာ(ဗ်)ပြည်နယ်တွင်မူ ဤပွဲတော်အား လိုဟရီး ပွဲတော်အဖြစ်ကျင်းပကြပြီး မီးရှူးမီးပန်းများပစ်ဖောက်ပြီး ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲလေ့ရှိကြသည်။ ထို့ပြင်အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိအခြားပြည်နယ်များတွင် ဤပွဲတော်ကိုပဲ ခိကျရီးဟုခေါ်ဆိုကြပြီး ဂင်္ဂါ ၊ ယမုံနာနှင့် ဆရဆွသီး ဆိုသော ဟိန္ဒူတို့၏ အထွတ်အမြတ်ထားရသောမြစ်သုံးစင်း၏ ဆုံရာနေရာတွင် သိန်းပေါင်းများစွာသောလူတို့သည် ရေချိုးသန့်စင်ကြပြီးဤပွဲတော်ကိုဆင်နွှဲလေ့ရှိကြသည်။
ဤပွဲတော်အား ဥတရာယ(န်)၊ ပွန်ဂ(လ်)၊မက္ကရ်ဆံကရာန်သီး ၊ မဂီး နှင့် ခိကျရီး စသည့်ဒေသအလိုက် အမည်နာမပေါင်းများစွာဖြင့် အမျိုးမျိုးသောပုံစံများဖြင့်ကျင်းပလေ့ရှိသည်။
ဤမွန်မြတ်လှသောအခါသမယတွင် ပထမဦးဆုံးရိတ်ထားသော ကောက်ပဲသီးနှံများနှင့်ဆန်ကိုနွားနို့နှင့်ချက်ပြုတ်ပြီးကောက်ပဲသီးနှံမျိူးစုံနှင့်ရောပြီး ခိကျရီးပြုလုပ်ခြင်းဖြင့်စည်စည်ကားကားဆင်နွှဲလေ့ရှိကြသည်။ အဓိကအားဖြင့် ဤအခါသမယ၌ အလှူဒါနပြုလုပ်ခြင်း၊ စွန်လွှတ်ခြင်း၊ နှမ်းဖြင့်ပြုလုပ်ထားသော မုန့်အချိုကို စားသုံးခြင်းနှင့် ဝေငှခြင်းတို့ဖြင့် ကောက်သစ်စမင်္ဂလာနှစ်သစ်ကို ကြိုဆိုလေ့ရှိကြပါသည်။🙏🙏🙏
 

