သနန္တန ဓမ္မရိပ်သာ - ကျောက်တံခါး၏ နှစ် (၅၀)ပြည့် ရွှေရတု
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ ဇနကလျာဏ အသင်း၊ သနန္တန ဓမ္မရိပ်သာ – ကျောက်တံခါး၏ နှစ် (၅၀)ပြည့် ရွှေရတုသဘင်ကို ၂၀၂၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ ဝဆန္သ ပ(န်)ကျမီး အခါသမယဝယ် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ပထမအစီအစဥ်ကို နံနက် ၆ နာရီ ပူဂျာ၊ ဟ၀(န်) (မီးဟုမ်းပူဇော်ပွဲ)များကို နံနက် ၁၁း၀၀ နာရီထိ ကျင်းပပြုလုပ်ကာ နေ့လည် ၁း၃၀ နာရီမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူ/သားများ၊ ဟိန္ဒူ ဓမ္မသင်ကြားပိုချရေးကော်မတီမှ ကျင်းပသော ဓမ္မစာမေးပွဲအောင် ကျောင်းသူ/သားများအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပါသည်။

ဒုတိယပိုင်းအစီအစဥ်တွင် သနန္တန ဓမ္မရိပ်သာကျောင်းအတွက် မာမာမတ်မတ် ရပ်တည်ကူညီဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များကို ဂုဏ်ပြုခြင်း၊ ဓမ္မရိပ်သာကျောင်း လွန်ခဲ့သည် နှစ်ပေါင်း (၅၀) အတွင်းဖြတ်သန်းခဲ့သည် မှတ်တမ်းပုံရိပ်များနှင့် စာမူများ၊ well wisher များ၏စာမူတိုပါသော အထိမ်းအမှတ် မဂ္ဂဇင်စာအုပ်ဖွင့်ပွဲနှင့် ဓမ္မရိပ်သာကျောင်းသမိုင်းအကျဥ်ကို ပြောကြားခဲ့ရာ နောက်ဆုံးတွင် သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲချုပ် – သာသနာပြုဆရာ/ အကျိုးတော်ဆောင် ဒေါက်တာရာ(မ်)နိဝါ(စ်) (ခ) ဒေါက်တာလှထွန်းမှ သနန္တန ဓမ္မရိပ်သာကျောင်း ဒီထက်ပို၍ မည်ကဲ့သို ဖွံဖြိုးတိုးတက်မည်ကို ပြောကြား၍ နိဂုံးချုပ်ကာ အောင်မြင်စွာ အခမ်းအနားကို ကျင်းပခဲ့ပါသည်။
